ရွှေသောင်ယံမြို့တွင်  ကလေးငယ်များအားပုံမှန်ကာကွယ်ဆေးများထိုးနှံပေး

ရွှေသောင်ယံ မတ် ၄

ဧရာဝတီတိုင်းဒသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့  ကျေးလက်ကျန်းမာရေးဌာနခွဲတွင်၊ ယမန်နေ့နံနက်ပိုင်း ကမွေးကင်းစနှစ်လ အရွယ်မှတစ်နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ် ဆေးများထိုးနှံ ပေးခြင်းလုပ်ငန်းများကိုဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါပုံမှန်ကာကွယ်ဆေးတွင် ဘီစီဂျီ၊ ပိုလီယို၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျော၊ ပြင်းထန်အဆုတ် ရောင်၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသဲရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေး ရောင်(ငါးမျိုးစပ်ကာကွယ်ဆေး) စသည်ဖြင့် ကာကွယ်ဆေး အမျိုးမျိုးပါရှိပြီး  ကျန်းမာရေးဝန် ထမ်းများမှ ကလေးများ၏အသက်အရွယ်အလိုက် ဆေးတိုက်၊ ဆေးထိုးခြင်းများပြုလုပ် ဆောင်ရွက်ပေးခဲ့ကြသည်။

ထိုကဲ့သို့ကာကွယ်ဆေးများထိုးနှံပေးရာသို့ ရွှေသောင်ယံမြို့၊ အမှတ်(၁၊၂၊၃) ရပ်ကွက်ရှိ ကလေးငယ်များနှင့် မိဘများလာရောက်ကာထိုးနှံကြပြီး ကိုယ်ဝန်ဆောင်မိခင်များပါ လာရောက်ပြ သလျက်ရှိကြောင်းသိရသည်။

ကိုကိုမောင်