ပိုင်ကျုံ ဇန်နဝါရီ ၁၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ မိုးနိုင်းကျေးရွာရှိ (မူလွန်)မိုးနိုင်းကျောင်းဆောင်သစ် ဆောက် လုပ်ရန်အတွက် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချို၊ လှိုင်းဘွဲမြို့နယ်၊ ဒုမြို့နယ်ပညာရေးမှူး၊ ယဥ်အေးနှင့် သက်ဆိုင်ရာတာ၀န်ရှိသူများ တက်ရောက်ခဲ့ ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချိုက အဖွင့်အမှာစကားပြောကြားပြီး တာ၀န်ရှိသူများနှင့်အတူ ကျောင်းဆောင်သစ်တည်ဆောက်နိုင်ရန်အတွက် မင်္ဂလာအချိန်တွင် ပန္နက်တင်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ (မူလွန်)မိုးနိုင်းကျောင်းဆောင်သစ်သည် (၉၀'×၃၀') steel structure(၁)ထပ် အမျိုးအစားဖြစ်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပညာရေး၀န်ကြီး ဌာနမှ ခွင့်ပြုရန်ပုံငွေကျပ် (၂၇၉၄၅၀၀၀)ကျပ်ဖြင့် ကော့မူခု ကုမ္မဏီ လီမီတက်မှ ဦးဖြိုးဝေနိုင် က တာ၀န်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပိုင်ကျုံ(ပြန်/ဆက်)