ဖြူးမြို့နယ်၌ အင်္ဂလိပ်စာ (Grammar) သင်တန်းနှင့် ပန်းချီသင်တန်း အခမဲ့ ဖွင့်လှစ် သင်ကြား

ဖြူး မတ် ၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ နွေရာသီကျောင်းပိတ်ချိန်ကာလ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ပန်းချီပညာရှင်များအသင်းတို့ ပူးပေါင်း၍ အင်္ဂလိပ်စာ(Grammar)သင်တန်းနှင့် ပန်းချီသင်တန်းဖွင့်လှစ်သင်ကြားမည်ဖြစ်ရာ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီအချိန်က (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ အဖွဲ့ဝင်(၂) ဦးခင်မောင်စိုး၊ မြို့နယ်ပညာရေးမှူး ဦးကျော်စွာဝင်းတို့က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ သင်တန်းများကို (၃-၃-၂၀၂၆) ရက်နေ့မှ (၂၂-၃-၂၀၂၆) ရက်နေ့အထိ အင်္ဂလိပ်စာ (Grammar)သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ (၂၅)ဦးအား နံနက် (၉)နာရီမှ (၁၁)နာရီထိလည်းကောင်း၊ ပန်းချီသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ (၃၅)ဦးအား ညနေ (၃)နာရီမှ (၄) နာရီခွဲထိလည်းကောင်း သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)