ကော့သောင်း မတ် ၄
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဖွင့်လှစ်သော နွေရာသီ English Grammar (အလယ်တန်း/အထက်တန်းအဆင့်) သင်တန်းကို Community Centre ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်သင်ကြားသည်။
အဆိုပါသင်တန်းဖွင့်ပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ဝါဝါခိုင်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား၊ကျောင်းသူများအနေဖြင့် နွေရာသီ ကျောင်းပိတ်ရက် ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ သုံးချနိုင်စေရန်နှင့် ပြင်ပဗဟုသုတများတိုးပွားလာစေရန်ရည်ရွယ်၍ သင်တန်းနည်းပြ ဆရာဦးသန်းဝင်းက English Grammar ကို အခြေခံအားဖြင့် နားလည်သဘောပေါက်ပြီး လက်တွေ့အသုံးချတတ်စေရန် အခြေခံမှစ၍ နားလည်လွယ်စေသည့်သင်ပြနည်းများဖြင့် ကျောင်းသား၊ကျောင်းသူများအား သင်ကြားပေးလျက်ရှိ သည်။
အဆိုပါသင်တန်းတွင် ကော့သောင်းမြို့နယ် အခြေခံ ပညာကျောင်းများမှ ကျောင်းသား/သူ (၆၅)ဦးခန့် တက်ရောက်သင်ကြားလျက်ရှိပြီး မတ်(၃)ရက်မှ (၃၁)ရက်အထိ သတ်မှတ်အချိန်ဇယားများအလိုက် ရက်သတ္တ (၄)ပတ်တာ အခမဲ့ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)