ဟင်္သာတမြို့အကျဉ်းဦးစီးဌာနမှ အကျဉ်းသား/အကျဉ်းသူ ၁၁၅ ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု

ဟင်္သာတ မတ် ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ဟင်္သာတမြို့နယ်ရှိ အကျဉ်းဦးစီးဌာနမှ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏  ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်များအရ စုစုပေါင်း အကျဉ်းသား၊ အကျဉ်းသူ(၁၁၅)ဦးအား လွတ်ငြိမ်းခွင့်ပြုသည့်အခမ်းအနားကို  ယနေ့ နေ့လယ်ပိုင်းက ဟင်္သာတမြို့၊ ရုံးကြီးရပ်ကွက်၊ ဗိုလ်စောမောင်လမ်းရှိ၊ အကျဉ်းဦးစီးဌာန(ဟင်္သာတ)၊ သီးသန့်တရားရုံးတွင် ကျင်းပသည်။

အခမ်းအနားတွင် အကျဉ်းသား (၉၁)ဦး၊ အကျဉ်းသူ (၂၄)ဦး၊ စုစုပေါင်း(၁၁၅)ဦးအား တာဝန်ရှိသူများက တွေ့ဆုံ၍ ဆုံးမဩဝါဒစကားများ ပြောကြားခြင်း၊ ကျင့် ၄၀၁ အရ ထောင်လွတ်သူများအနေဖြင့် ပြင်ပတွင် ကောင်းမွန်စွာနေထိုင်ကြရန်၊ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသည့် ကတိဝန်ခံချက်ဖြင့် လွှတ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ပြီး တာဝန်ရှိသူများက သက်သေခံလက်မှတ်နှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

ဟင်္သာတ (ပြန်/ဆက်)