လိပ်သိုဒေသထွက် တံမျက်စည်းပင်များ ချိုးယူရောင်းချ

လိပ်သို   ဇန်နဝါရီ  ၁၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး အဓိက စီးပွားရေး လုပ်ငန်းအနေဖြင့် ဥယျာဉ်ခြံလုပ်ငန်းကို အဓိကထား လုပ်ကိုင်လျက်ရှိရာ စီးပွားရေး လုပ်ငန်းအရ သီးနှံများစွာစိုက်ပျိုးထားရှိပြီး ယခုအခါ အိမ်သုံးတံမျက် စည်းများကိုလည်း ချိုးယူ ရောင်းချလျက်ရှိကြောင်း သိရပါသည်။

လိပ်သိုဒေသရှိ  တံမျက်စည်းပင်များမှာ သီးသန့် စိုက်ပျိုးရန်မလိုအပ်ပဲ လမ်းဘေး ဝဲယာနှင့် ဥယျာဉ်ခြံမြေကွက်များတွင် သဘာ၀အလျောက် ပေါက်ရောက်လျက်ရှိရာ ဒေသခံ များအနေဖြင့် ငွေအရင်းအနှီး စိုက်ထုတ်ရန်မလိုပဲ   မိသားစု၀င်များ အနေဖြင့် ကိုဗစ်-၁၉ ကာလ အတွင်း အပို၀င်ငွေ ရရှိလျက်ရှိကြောင်း သိရသည်။

တံမျက်စည်းရောင်း၀ယ်သူများမှာ ယခင်က အချောင်းလိုက် ရာစီး ထောင်စီး ၀ယ်ယူ ခဲ့ကြသော်လည်း  ယခုအခါ တံမျက်စည်းကို  ပိဿာချိန်ဖြင့်  ၀ယ်ယူလျက်ရှိရာ တစ်ပိဿာ ကို ငွေကျပ် ၂၅ဝိ မှ ၃၅ဝိ  /- အထိ ၀ယ်ယူလျက်ရှိပြီး တောင်ငူမြို့  တံမျက်စည်း အ၀ယ်ဒိုင် များသို့ ပို့ဆောင် ရောင်းချလျက်ရှိသည်။

ဒေသခံတောင်သူများက  အိမ်သုံးတံမျက်စည်းကို မိမိတို့ ကိုယ်တိုင် ကျစ်ပြီး တံမျက်စည်း အချော တစ်လက်ကို ငွေကျပ် ၁၀၀ဝိ/- ဖြင့် လက်လီ ရောင်းချလျက်ရှိကြောင်း သိရပါသည်။

နွယ်နွယ်ခိုင် (ပြန်/ဆက်)