ကြံခင်းမြို့နယ်ရှိ ကွန်ချောင်းရေလောင်တမံမှ စိုက်ပျိုးဧက ၁၄၆၈၇ ဧကအတွက် ဆည်ရေများ ပေးဝေ

ကြံခင်း မတ် ၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ရှိ ကွန်ချောင်းရေလှောင်တမံမှ နွေစပါးနှင့် အခြားသီနှံစိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေများ လုံလောက်စွာရရှိရေး ကြံခင်းမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။

ဒေသခံတောင်သူများ နွေစပါးနှင့် အခြားသီနှံစိုက်ပျိုးနိုင်ရေးအတွက် ကွန်ချောင်းရေလှောင်တမံ ဆည်ရေသောက်စနစ်ရှိ ရေပေးမြောင်းများမှတစ်ဆင့် လယ်ယာမြေများနှင့် စိုက်ခင်းများသို့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ စတင်၍ ရေပေးဝေလျက်ရှိရာ တောင်သူများစိုက်ပျိုးရေ လုံလောက်စွာ ရရှိစိုက်ပျိုးလျက်ရှိသည်။

ကွန်ချောင်းရေလှောင်တမံမှ နွေစပါးဧက ၃၄၂၀နှင့် အခြားသီးနှံ ၁၁၂၆၇ ဧကစုစုပေါင်း ၁၄၆၈၇ ဧကကို စိုက်ပျိုးရေ လုံလောက်စွာပေးဝေနိုင်ကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)