ရွှေ​သောင်ယံမြို့တွင် စိုက်ပျိုးရေးလုပ်ကိုင်ကြသည့်တောင်သူများ ဖရဲသီးနှင့် ​ပြောင်ဖူးများမှ ဝင်ငွေရရှိ

ရွှေသောင်ယံ ဖေဖော်ဝါရီ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် စိုက်ပျိုးရေးလုပ်ကိုင်ကြသည့် တောင်သူများ ဖရဲသီးနှင့် ပြောင်းဖူးများ လှိုင်လှိုင်ထွက်ရှိပြီး စျေးကောင်းများရရှိကြသဖြင့် တောင်သူများ ဝင်ငွေတိုးကာအဆင်ပြေလျက်ရှိသည်။

ရွှေသောင်ယံမြို့တွင် ဖရဲခင်းနှင့်ပြောင်းခင်းများအပါအဝင် အခြားသီးနှံများကို တောင်သူများ နှစ်တိုင်းထက် ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးလာကြပြီး စိုက်ပျိုးသောသီးနှံများလည်း အထွက်နှုန်း ကောင်းမွန်ကြသည့်အတွက် ရွှေသောင်ယံဒေသရှိဝယ်လိုအားကို မိမိတို့ဒေသထွက်သီးနှံများဖြင့် လုံလောက်သည့်အပြင် အခြားဒေသများသို့ ပင်ပို့ဆောင်ရောင်းချရကြောင်း သိရသည်။

ယခုဖရဲသီးရာသီတွင် ဖရဲသီးစိုက်ပျိုးလုပ်ကိုင်သူများပြားပြီး အထွက်နှုန်းလည်း ကောင်းမွန်သည့်အတွက် အရောင်းအဝယ်နှေးနေကြောင်း၊ ဖရဲသီထက်ပြောင်းဖူးမှာ အရောင်းအဝယ် ပိုလိုက်ကြောင်း ဖရဲ၊ ပြောင်းစိုက်ခင်းများ လုပ်ကိုင်ကြသူများထံမှသိရသည်။

ရွှေသောင်ယံမြို့တွင် ဖရဲသီးတစ်လုံး (၄၀၀၀) ကျပ်မှ (၁၀၀၀၀) ကျော်အထိ စျေးရှိနေပြီး၊ ပြောင်းဖူများမှာလည်း တစ်ဖူးလျှင် (၅၀၀) ကျပ်မှ (၁၀၀၀) ကျပ်အထိ ပေါက်စျေးရှိနေကြောင်း သိရသည်။

ကိုကိုမောင်