မြန်အောင်မြို့နယ်၌ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် Grade -5 နှင့် Grade-9 ကျောင်းသား/သူများ၏ နှစ်ဆုံးစာမေးပွဲများ အေးချမ်းစွာဖြေဆိုလျက်ရှိ

မြန်အောင် ဖေဖော်ဝါရီ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း များတွင် ပညာသင်ကြားလျက်ရှိသော ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် Grade -5 နှင့် Grade -9 ကျောင်းသား/သူ များ၏ နှစ်ဆုံးစာမေးပွဲ ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ်ကို ယနေ့နံနက် (၉)နာရီအချိန်က အေးချမ်းစွာ ဖြေဆိုလျက်ရှိသည်။

မြန်အောင်မြို့နယ်တွင် Grade-5 ၌ အခြေခံပညာကျောင်းများနှင့်ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းမှ စာစစ်ဌာန(၄၂)ခုတွင် စာရင်းရှိ (၃၆၄၈)ဦး၊ဖြေဆို(၃၅၃၀)ဦးနှင့်ပျက်ကွက် (၁၁၈) ဦးရှိပြီး Grade-9 ၌ အခြေခံပညာကျောင်းများနှင့်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ စာစစ်ဌာန (၁၈) ခုတွင် စာရင်းရှိ (၆၄၈) ဦး၊ ဖြေဆိုသူ (၅၉၆) ဦး၊ ပျက်ကွက် (၅၂) ဦးရှိ ကြောင်းသိရသည်။

အဆိုပါ Grade-5 နှင့် Grade-9 ကျောင်းသား/သူများ၏ နှစ်ဆုံးစာမေးပွဲများကို ကျောင်းသား/သူများ အေးချမ်းစွာဖြေဆိုလျက်ရှိပြီး တာဝန်ရှိသူများကအနီးကပ်ကြီးကြပ်ဆောင် ရွက်ပေးလျက်ရှိသည်။

မြို့နယ် (ပြန်/ဆက်)