မင်းလှမြို့နယ်၌ တော်တမံ- ပျဉ် ထောင်တွင်းလမ်း ကျောက်ချောခင်းခြင်းလုပ်ငန်းပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး

မင်းလှ ဖေဖော်ဝါရီ ၂၇

ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ခုဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့်  တာဝန်ယူဆောင်ရွက်သည့် တော်တမံ-ပျဉ်ထောင်တွင်းလမ်း ကျောက်ချောခင်းခြင်းလုပ်ငန်းပြီးစီးမှုအခြေအနေအား ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး‌ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေး‌ရာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ပဲခူးတိုင်းဒေသကြီး တာဝန်ခံအင်ဂျင်နီယာချုပ် ဦးထွန်းဝေသည် သာယာဝတီခရိုင် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသန်းမြတ်စိုး၊ မင်းလှမြို့နယ် ဦးစီးအရာရှိ(မြို့ပြ) ဒေါ်အေးသန္တာအောင်တို့နှင့်အတူ ၂၀၂၅-၂၀၂၆ ခုဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ဌာနမှတာဝန်ယူဆောင်ရွက်သည့် တော်တမံ-ပျဉ်ထောင်တွင်းလမ်း ကျောက်ချောခင်းခြင်း (၀/၂မိုင် x၁၆' x၆") လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့‌ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)