တောင်ငူ ဖေဖော်ဝါရီ ၂၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဝန်ထမ်းများ စာကြည့်တိုက်လုပ်ငန်းကို စနစ်တကျဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ စာကြည့်တိုက်ပညာသင်တန်း (၁/၂၀၂၆)ကို ယမန်နေ့နံနက်ပိုင်းက ဖွင့်လှစ်သင်ကြားသည်။
အဆိုပါသင်တန်းတွင် တောင်ငူခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးမှ စာကြည့်တိုက်၏ အဓိပ္ပါယ်၊ စာကြည့်တိုက်အမျိုးအစားများ၊ စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေးလုပ်ငန်းစဉ်(၇)ရပ်၊ မှတ်သားမှုစနစ်နှင့် ထားသိုမှုစနစ်များအား စာတွေ့လက်တွေ့ သင်ကြားပို့ချလျက်ရှိပြီး အဆိုပါသင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ငူခရိုင်ရုံးမှ အမှုထမ်း(၇)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
ဇော်ကိုကို (တောင်ငူ)