ပြည်ခရိုင်လူထုအခြေပြုဗဟိုဌာန၌ “ဆုံဆည်းရာ” Book Club အဖွဲ့ စာဖတ်ဝိုင်း ကျင်းပ

ပြည် ဖေဖော်ဝါရီ ၂၇

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက “ဆုံဆည်းရာ” Book Club အဖွဲ့ စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။

စာဖတ်ဝိုင်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ရုံးမှ တာဝန်ရှိသူများ၊ ပြည်မြို့နယ်စာရေးဆရာအသင်းမှ “ဆုံစည်းရာ” Book Club အဖွဲ့ဝင် စာရေးဆရာများနှင့် စာပေဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။

စာဖတ်ဝိုင်းတွင် ဆုံစည်းရာ Book Club အဖွဲ့ နာယက၊ စာရေးဆရာ ပြည်လေးဘုန်းက မုဒိတာစကားပြောကြားပြီး တက်ရောက်လာသော Book Club အဖွဲ့ဝင်များက ၎င်းတို့ဖတ်မှတ်လေ့လာထားသော သုတ/ရသစာပေအကြောင်းများကို ဆွေးနွေးကြကာ နွေရာသီကျောင်းပိတ်ရက်ရှည်ကာလတွင် (Community Centre)ခန်းမ၌ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)