လွိုင်ကော် ဇန်နဝါရီ ၁၀
ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများ ချပြရှင်းလင်းခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စည်သူက ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများဖြင့် ရွေးချယ် သွားမည့်အကြောင်းအရာများနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ဝင်းက ဥပဒေ၊ နည်းဥပဒေများ တွင် ပြဋ္ဌာန်းထားသည့် လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် Time Frame များ၊ အုပ်ချုပ်ရေးဆိုင်ရာ ယန္တရား အဆင့်ဆင့် ဆောင်ရွက်ရမှုများ၊ အုပ်ချုပ်ရေးမှူးများ စိစစ်ရွေးချယ်ရာတွင် ဌာနဆိုင်ရာများ ပူးပေါင်း ပါဝင်ကြရေးစသည့်တို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် မြို့နယ်ဥပဒေအရာရှိ ဦးကျော်ဦးနှင့် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသူရိန်ဇော်တို့ မှ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပေဒ ၊ နည်းဥပဒေများကို အကျယ်တဝင့် ချပြရှင်းလင်းဆွေးနွေးရာ တက်ရောက်လာကြသော ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များက သိရှိလိုသည်များကို ပြန်လည် မေးမြန်းဆွေးနွေးကြကြောင်းသိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)