ငွေဆောင် ဖေဖော်ဝါရီ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့ ရှိ အခြေခံပညာစာသင်ကျောင်း၌ ယနေ့နံနက် ၉ နာရီကစတင်၍ ၂၀၂၅- ၂၀၂၆ပညာသင်နှစ်၊ Grade–5 (မြို့နယ်အဆင့်) နှင့် Grade–9 (ခရိုင်အဆင့်)နှစ်ဆုံးစာမေးပွဲအား စတင်ကျင်းပခဲ့ရာ ကျောင်းသား / သူလေးများက အေးချမ်းစွာဖြေဆို လျက်ရှိကြောင်း သိရသည်။
အဆိုပါ Grade–5 တန်း၏ စာမေးပွဲအား ဖေဖော်ဝါရီလ (၂၃) ရက်နေ့မှ ဖေဖော်ဝါရီလ (၂၇) ရက်နေ့အထိလည်းကောင်း၊ Grade–9 တန်း၏ စာမေးပွဲအား ဖေဖော်ဝါရီလ (၂၃) ရက်နေ့မှ ဖေဖော်ဝါရီလ(၂၈ )ရက် နေ့အထိလည်းကောင်း ကျင်းပသွားမည်ဖြစ်ကာ (တက္ကသိုလ်ဝင်တန်း) စာမေးပွဲအား မတ်လ (၁၁) ရက်နေ့မှ မတ်လ (၁၈) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် Grade (5) နှင့် Grade – 9 နှစ်ဆုံး မြို့နယ် / ခရိုင်စစ် စာမေးပွဲကို ကျောင်းသား / သူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့အုပ်ချုပ်ရေးမှူးမှ ကျောင်းအလိုက် ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ် ဆရာမကြီးများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို စီမံဆောင်ရွက်ပေးခဲ့သည်။ ထို့အပြင် မြို့အုပ်ချုပ်ရေးမှူး၏ ကြီးကြပ်မှုဖြင့် ရပ် / ကျေးအုပ်ချုပ်ရေးအဖွဲ့များမှလည်း ကျောင်းဝန်းလုံခြုံရေးနှင့် ယာဥ်အန္တရာယ်ကင်းရှင်းရေးတို့အတွက် တာဝန်ယူဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
ကျော်လင်းဦး (ပြန်/ဆက်)