မြိတ် ဖေဖော်ဝါရီ ၂၃
အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့မှ လုပ်ငန်းခွင်တွင်း ထိခိုက်သေဆုံးခြင်းအတွက် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ ကျန်ရစ်သူငွေကြေးအကျိုးခံစားခွင့်များကို ဖေဖော်ဝါရီ (၂၃) ရက် နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် လူမှုဖူလုံရေးရုံးတွင် ကျန်ရစ်သူအကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးသည်။
လုပ်ငန်းခွင်တွင်း ထိခိုက်သေဆုံးသူသည် အာမခံအလုပ်သမား ဦးပြည့်ဖြိုးအောင်ဖြစ်ပြီး မြိတ်မြို့နယ် လူမှုဖူလုံ ရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော MTSK Co.Ltd တွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကာ အကျိုးခံစားခွင့်များကို ကျန်ရစ်သူအား လူမှုဖူလုံရေးရုံးမှ ဦးစီးအရာရှိ၊ နယ်မြေတာဝန်ခံ၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် အလုပ်ဌာန တာဝန်ရှိသူများ၏ရှေ့၌ ပေးအပ်ခြင်းဖြစ်သည်။
အကျိုးခံစားခွင့်များ ပေးအပ်ရာတွင် လူမှုဖူလုံရေးရုံးမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးခိုင်မှ အကျိုးခံစား ခွင့်များအကြောင်း ရှင်းလင်းပြောကြားပြီး လုပ်ငန်းခွင်တွင်း ထိခိုက်သေဆုံးခြင်းအတွက် ငွေလုံးငွေရင်း ကျပ်သိန်း (၁၅၀) အား သေဆုံးသူ၏ အစ်မဖြစ်သူ ဒေါ်ဇာဇာအောင်ထံသို့ လက်ဝယ် ပေးအပ်ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)