ဖြူး ဖေဖော်ဝါရီ ၂၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ငှက်ဖျားရောဂါကာကွယ်ရေး အသိပညာပေး၍ ဆေးစိမ်ခြင်ထောင်များ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်မှစတင်ကာ ရေသျှံကြီးကျေးရွာအုပ်စု၊ ဝဒီးကျေးရွာ၊ အလယ်ရွာ၊ မင်းကံရိုးကျေးရွာအုပ်စု၊ မင်းကန်ရိုးကျေးရွာ၊ ဒိုင်းတရာတောင်ရွာ၊ ဒိုင်းတရာမြောက်ကျေးရွာ၊ ခင်တန်းကြီးကျေးရွာအုပ်စု၊ ခင်တန်းကြီးကျေးရွာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသိုဆောင်ရွက်ရာတွင် ဖြူးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးမှ ကြီးကြပ်၍ ကျေးလက်ကျန်းမာရေးဌာန၊ကျန်းမာရေးဝန်ထမ်းများမှ ကျေးရွာနေပြည်သူများအား ငှက်ဖျားရောဂါသွေးဖောက်စစ်ဆေးခြင်း၊ ငှက်ဖျားရောဂါအန္တရာယ် ကာကွယ်နှိမ်နင်းရေးအသိပညာပေးဆွေးနွေး၍ အိမ်ထောင်စုများအတွက် တာရှည်ခံဆေးစိမ်ခြင်ထောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)