တနိုင်း ဖေဖော်ဝါရီ ၁၂
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ယနေ့တွင် ကျရောက်သည့် (၇၉) နှစ်မြောက်ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားကို ယနေ့နံနံက်ပိုင်း ၅ နာရီ ၃၀ မိနစ်တွင် ပုန်းခုန်းကောင်းရပ်ကွက်ရှိ ကျောက်တိုင်ကွင်း၌ ကျင်းပပြုလုပ်သည်။
ရှေ့ဦးစွာ မြို့နယ်ရဲတပ်ဖွဲ့ဝင်များက ဦးဆောင်၍ မြန်မာနိုင်ငံတော်အလံအားလွင့်ထူပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးဇော်လင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် စီမံအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးကဲများနှင့် အဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ အခမ်းအနားသို့ တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအားလေးပြုခြင်းများ ဆောင်ရွက်ကြသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်/စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် အဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ တက်ရောက်ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)