တီးတိန် ဖေဖော်ဝါရီ ၁၃
ချင်းပြည်နယ်၊ တီးတိန်မြို့၌ (၇၉)နှစ်မြောက် ပြည်ထောင်စု နေ့အခမ်းအနားကို ယမန်နေ့နံနက် ၆ နာရီခွဲကအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတန်းစီကွင်းတွင်ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဂုဏ်ပြုတပ်ဖွဲ့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံတော်အား လွှင့်တင်ပြီး အလံတော်အား အလေးပြုကြကာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂ဝ၂၆ ခုနှစ် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက ဖတ်ကြားခဲ့သည်။
ဆက်လက်၍(၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် စာပေပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြသည်။
အဆိုပါပြည်ထောင်စုနေ့အခမ်းအနားသို့ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဘာသာရေးအသင်းအဖွဲ့များမှ ခေါင်းဆောင်များ၊ မြို့မိမြို့ဖများ တက်ရောက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)