ရေနံချောင်းတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ ပြေး၊ ခုန်၊ ပစ်အားကစားပြိုင်ပွဲများ ကျင်းပ

ရေနံချောင်း ဖေဖော်ဝါရီ ၁၁

အဆင့်မြင့်ပညာဦးစီးဌာန ရေနံချောင်းတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသားအမျိုးသမီး ပြေး၊ ခုန်၊ ပစ်အားကစားပြိုင်ပွဲများကို ဖေဖော်ဝါရီ ၁၀ ရက်နေ့က အဆိုပါကျောင်းအားကစားကွင်း၌ ကျင်းပသည်။

ရှေးဦးစွာ ရေနံချောင်းတက္ကသိုလ် သမိုင်းဌာနပါမောက္ခ (ဌာနမှူး) ဒေါက်တာကျော်ဆွေဦးက အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်ကျောင်းသားကျောင်းသူများက အားကစာသစ္စာအဓိဌာန်ရွတ်ဆိုကြသည်။ ထို့နောက် အမျိုးသားအမျိုးသမီး မီတာ ၁၀၀၊ ၂၀၀၊ ၄၀၀၊ ၅၀၀၊ ၈၀၀ အပြေးပြိုင်ပွဲ၊ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲ၊ အဝေးခုန်၊ အလျားခုန်၊ အမြင့်ခုန်၊ သံလုံးပစ်၊ လှံပစ်စသည့် ပြေး၊ ခုန်၊ ပစ်အားကစားနည်းများကို ဘာသာရပ်ပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်