ရေတာရှည် ဖေဖော်ဝါရီ ၁၁
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ရေတာရှည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပေါက်ချောင်းကျေးရွာအတွင်း ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ လမ်းမှာကွန်ဂရစ်လမ်းအမျိုးအစားဖြစ်ပြီး၊ လမ်းအရှည် ၄၀၀၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၇ လက်မရှိပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ၁၈၃. ၃၄ ကျပ်သန်းဖြင့် ရေတာရှည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက (၁၈.၈.၂၀၂၅) ရက်နေ့မှ စတင်တာဝန်ယူဆောင်ရွက်ခဲ့ပြီး (၁၈.၁၁.၂၀၂၅) ရက်နေ့တွင် လမ်းလုပ်ငန်းအားလုံးပြီးစီးခဲ့ကြောင်း သိရပြီးသည်။ အဆိုပါလမ်းသည် ကျေးရွာချင်းဆက်သွယ်သည့်လမ်းဖြစ်ပြီး ကျေးရွာသူ/ကျေးရွာသားများ၏ ပညာရေး၊ ကျန်းမာရေးနှင့် စိုက်ပျိုးလယ်ယာထွက်ကုန်များ ကုန်စည်စီးဆင်းမှုအတွက် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
လမ်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရီရီပြုံးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး၊ တက်ရောက်လာသည့် မြို့နယ်တာဝန်ရှိသူများက လမ်းအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)