ပေါက်ခေါင်းမြို့နယ် အ.ထ.ကပေါက်ခေါင်း၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုအသိပညာ​ပေးဟောပြောပွဲ ဆောင်ရွက်

ပေါက်ခေါင်း ဖေဖော်ဝါရီ ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို အ.ထ.ကပေါက်ခေါင်း၌ ဖေဖော်ဝါရီ ၉ ရက်နေ့ နေ့လယ်(၁)နာရီ အချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဇင်ဇင်မင်းမောင်က (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များနှင့် လူငယ်ရေးရာအသိပညာပေးအကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ပြီး စာကြည့်တိုက်လက်ထောက်-၃ ဒေါ်သင်းသင်းထွေးက မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းသိကောင်းစရာစသည့် အကြောင်းအရာများကို ကျောင်းသား၊ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် အသီးသီးဟောပြောဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ ကျောင်းသား၊ ကျောင်းသူလေးများအား အသိပညာဗဟုသုတရရှိစေရန် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များဖြန်ဝေပေးခဲ့ပြီး အသိပညာပေးနံရံကပ်စာစောင်များပြသခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)