(၇၉) နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပ

ပုသိမ် ဖေဖော်ဝါရီ

(၇၉) နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နက်ပိုင်းက ဧရာဝတီဂေါက်ကလပ် (ပုသိမ်) တွင်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက ပြိုင်ပွဲဝင်အသင်းများအား လှည့်လည်အားပေးနှုတ်ဆက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် လူမှု‌ရေးရာဝန်ကြီးတို့က အမှတ် (၁) တီခုံမှ Smoke Ball ရိုက်၍ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ယင်းနောက် ပြိုင်ပွဲဝင်များက တစ်ဦးချင်းပြိုင်ပွဲအား ဆက်လက်ယှဥ်ပြိုင်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲအား ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့မှ ၈ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်း (၁၁) သင်းနှင့် တစ်ဦးချင်းပြိုင်ပွဲဝင် (၁၀၅) ဦး ပါဝင်ယှဥ်ပြိုင်ခဲ့ကြကြောင်းနှင့် ပြိုင်ပွဲတွင် အသင်းလိုက် အကျောပေးပြိုင်ပွဲ၊ အကျောမဲ့ပြိုင်ပွဲ၊ တစ်ဦးချင်း သက်ကြီးတန်း၊ အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲများပါဝင်ကြောင်း သိရသည်။

လှမင်းထွဋ် (ပြန်/ဆက်)