ဇလွန် ဖေဖော်ဝါရီ ၈
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နန်းတော်ကျွန်းကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာအုပ်စု၊ တောင်ပို့တရာကျေးရွာအုပ်စုတို့တွင် လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးအနေဖြင့် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လာမည့်မိုးကြိုကာလအတွက် လေပြင်းဘေးကြောင့် နေအိမ်များ ထိခိုက်ပျက်စီးမှုမှ ကြိုတင်ကာကွယ်ရန်အတွက် အားနည်းသည့် နေအိမ်များအား လိုအပ်သည့် အားဖြည့်မွမ်းမံပြင်ဆင်သည့် လုပ်ငန်းများကို (၆-၂-၂၀၂၆) ရက်နေ့မှစတင်၍ နန်းတော်ကျွန်းကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာအုပ်စုနှင့် တောင်ပို့တရာကျေးရွာအုပ်စုတို့မှ ကျေးရွာခွဲ (၁၈) ရွာမှ လူနေအိမ်အလုံး (၃၀၀)အတွက် လူနေအိမ်တစ်လုံးလျှင် ငွေကျပ် (၇၀၀၀၀) နှုန်းဖြင့် (၂၁.၀၀) ကျပ်သန်းတန်ဖိုးရှိ အိမ်ဆောက်ပစ္စည်းများဖြစ်သည့် ဓနိနှင့် ထရံများအား ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့၍ နေအိမ်ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများအား ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျေးရွာစေတနာရှင်ပြည်သူများနှင့်အတူ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝေယံ - ဇလွန် (ပြန်/ဆက်)