မြို့သစ်မြို့နယ်တွင်  (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ ဆောင်ရွက်

မြို့သစ် ဖေဖော်ဝါရီ ၆

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား ကျောင်းသူများ ပြည်ထောင်စုနေ့နှင့်ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန်အတွက် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ပြပွဲကို ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ  (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်က ကျောင်းသား ကျောင်းသူများအား မြန်မာနိုင်ငံသူ့ကျွန်ဘဝရောက်ခဲ့ရပုံနှင့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းအကြောင်းအရာများကို  အသိပညာပေးဟောပြောပြီး ပြည်ထောင်စုနေ့အထိမ်းအမှတ်ဆိုင်ရာအသိပညာပေးစာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များနှင့် ဓာတ်ပုံမှတ်တမ်းများအား ပြသခဲ့ရာ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန် (ပြန်/ဆက်)