နတ်မောက် ဖေဖော်ဝါရီ ၆
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေ ပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က စာပေလေ့လာဖတ်ရှုသည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ကလေးငယ်များဘဝ စွမ်းဆောင်ရည်မြင့်မာစေရန်၊ စိတ်လက်ပျော်ရွှင်စေရန်၊ ဥာဏ်ရည်ဥာဏ်သွေးထက်မြက်စေရန်ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပရခြင်းဖြစ် ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ အလယ်တန်းအဆင့် ကျောင်းသား/ သူများဖြင့် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပရာ ကျောင်းသား/သူလေးများမှ မိမိတို့ကြိုက်နှစ်သက်ရာကဗျာများဖြင့်ဝင်ရောက်ယှဥ်ပြိုင်ကြပြီး အဆိုပါကဗျာရွတ်ဆိုပြိုင်ပွဲသို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမများ ကျောင်းသား/သူများ စုစုပေါင်း (၅၀) ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း