မကွေးမြို့နယ်အတွင်းရှိ မြို့မဈေး ၊ ကန်သာဈေး၊ ရန်ပယ်ဈေး၊ ရန်ကင်းဈေး၊မင်္ဂလာဈေးများအား မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်

မကွေး ဖေဖော်ဝါရီ ၆

မကွေးမြို့နယ်အတွင်းရှိ မြို့မဈေး၊ ကန်သာဈေး၊ ရန်ပယ်ဈေး၊ ရန်ကင်းဈေး၊ မင်္ဂလာဈေးတို့ကို ဖေဖော်ဝါရီ (၄) ရက်နေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးသူဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်လျှပ်စစ်၊ ဈေးကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ မီးဘေးလုံခြုံရေးအတွက် လျှပ်စစ်မီးအသုံးပြုမှုများ စနစ်တကျရှိစေရေး၊ ဈေးအတွင်းမီးသုံးစွဲမှုများမရှိစေရေး၊ ရေရရှိရေး တပ်ဆင်ထားရှိသော မီးသတ်ဆေးဘူးနှင့် မီးသတ်စက်များ အဆင်သင့်ဖြစ်စေရေး၊ Fire Pointများ ထားရှိရေး၊ မီးသတ်ယာဉ်များ အလွယ်တကူဝင်/ ထွက်သွားလာနိုင်ရေးတို့ကို စီမံဆောင်ရွက်ထားရန်စစ်ဆေးအကြံပြုပြီး တာဝန်ရှိသူများနှင့် ဈေးသူ/ဈေးသားများ မီးသတ်ဆေးဘူးကို စနစ်တကျကိုင်တွယ်အသုံးပြုတက်စေရန်နှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းလုပ်ငန်းများကို လက်တွေ့ပြသဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ယခုအချိန်အခါသည် ပူပြင်းခြောက်သွေ့သော နွေရာသီသို့ ကူးပြောင်းရောက်ရှိလာပြီဖြစ်သဖြင့် မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးလုံခြုံရေးအတွက် မီးသတိပြု‌ရေးနှိုးဆော်ခြင်း၊  မီးဘေးလုံခြုံရေး အသိပညာပေးခြင်း၊ ဇတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရှိရသည်။

ခရိုင် (ပြန်/ဆက်)