ပုလောမြို့နယ်၌ နွေစပါးနှင့် ဆောင်းသီးနှံများ စိုက်ပျိုးသော တောင်သူများအား ယူရီယားဓာတ်မြေဩဇာ အိတ် ၅၄၀ ဖြန့်ဖြူးရောင်းချ

ပုလော   ဖေဖော်ဝါရီ  ၄

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ပုလောမြို့နယ် ဓာတ်မြေဩဇာဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချရေးကော်မတီမှ ဦးဆောင်၍ နွေစပါးနှင့် ဆောင်းသီးနှံများ စိုက်ပျိုးသော တောင်သူများ အား ယူရီးယားဓာတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့်  ဖြန့်ဖြူးရောင်းချခြင်း အခမ်းအနားကို ဖေဖော်ဝါရီ  ၃ ရက် နံနက်(၁၀)နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက အမှာစကားပြောကြားခဲ့ပြီး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးသော်ဇင်ထွန်းက ယူရီယားဓာတ်မြေဩဇာဖြန့်ဖြူးရောင်းချရသည့် ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားသည်။

ပုလောမြို့နယ်၌ ကျေးရွာအုပ်စု(၁၁)အုပ်စုမှ နွေစပါးနှင့်ဆောင်းသီးနှံများ(မတ်ပဲ၊ ပဲတီစိမ်း၊ နေကြာ၊ နှမ်း၊ မြေပဲနှင့် ဟင်းသီးဟင်းရွက်)စိုက်ပျိုးသော တောင်သူ ၁၃၄ ဦးနှင့် မိုးစပါးစိုက်ပျိုးသူ တောင်သူများကို ယူရီယားဓာတ်မြေဩဇာ အိတ် ၅၄၀ ဖြန့်ဝေးပေးခဲ့ကြောင်းသိရသည်။

ပုလော (ပြန်/ဆက်)