ကျုံပျော် ဖေဖော်ဝါရီ ၄
လူငယ်များ ခိုင်မြဲသော ပြည်ထောင်စုစိတ်ဓာတ် အစဉ်ထက်သန် နိုးကြားနေစေရန်နှင့် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကိုသိရှိပြီး နိုင်ငံတော်ထာဝရငြိမ်းရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နိုင်စေရန်အတွက် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် ၊ ကျုံပျော်မြို့တွင် ဖေဖော်ဝါရီ ၃ ရက်နံနက် ၈ နာရီက ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျုံပျော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းစိုးနှင့် ဝန်ထမ်းများက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများထံသို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)က ထုတ်ဝေသည့် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် ၂၀၂၆ ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက်များနှင့် ပြည်ထောင်စုနေ့ ဆောင်ပုဒ်၊ သမိုင်းဝင်ပြည်ထောင်စုစာချုပ် အကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ ၂၀.၁.၁၉၄၆ ရက်နေ့ ဖဆပလ အဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာညီလာခံတွင် ပြောကြားသောမိန့်ခွန်းမှ ကောက်နှုတ်ချက်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနား(၁၅.၁၀.၂၀၂၅) ရက်နေ့တွင် ပြောကြားသည့်မိန့်ခွန်းမှ ကောက်နှုတ်ချက်၊ ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့ကြသူများ၊ ဘိုမျိုး(ရွှေဘို)၏ နှင်းရည်ဆွတ်ဖျန်း ပွင့်ပန်းစုံညီကဗျာ စသည်တို့ပါဝင်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)