ကလေးမြို့တွင် မီးဘေးအန္တရာယ်ကင်းစေရေး တာဝန်ရှိသူများ ကွင်းဆင်းသရုပ်ပြ မီးငြှိမ်းသတ်

ကလေး ဖေဖော်ဝါရီ ၁

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးမြို့၌ ပွင့်လင်းရာသီသို့ ရောက်ရှိလာသဖြင့် ကြိုတင်ကာကွယ်မှု အစီအမံတစ်ရပ်အနေဖြင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၉ နာရီက ကလေးမြို့နယ်အတွင်းရှိ မြို့မဈေး၊ တာဟန်းဈေးနှင့် ပင်လုံဈေးတို့တွင် ကွင်းဆင်းသရုပ်ပြမီးငြှိမ်းသတ်ခြင်းများကို ဆောင်ရွက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တာဝန်ရှိသူများသည် ဈေးများအတွင်း မီးသတ်ရေသိုလှောင်ကန်များထားရှိမှု၊ မီးသတ်ဆေးဘူးများ လေပေါင်ရှိ/မရှိ၊ လျပ်စစ်သွယ်တန်းထားရှိမှုစနစ်များ၊ မီးသတ်ပစ္စည်းကိရိယာများထားရှိမှု၊ အရောင်းဝန်ထမ်းများအား မီးငြိမ်းသတ်ရေးသုံးပစ္စည်းကိရိယာကိုင်တွယ်အသုံးပြုနည်းများ၊ ပတ်ဝန်းကျင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စစ်ဆေးအကြံပြုခြင်းများနှင့်  ဈေးများအတွင်း သွယ်တန်းထားသော ရေမီးသတ်ရေပိုက်လိုင်းများ၊ မီးသတ်ကားများဖြင့် လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

ကလေးမြို့ပေါ်ရှိ မြို့မဈေးတွင် ဆိုင်ခန်းပေါင်း ၇၉၅ ခန်း၊ တာဟန်း‌ဈေးတွင် ၇၈၂ ခန်း ပင်လုံဈေးတွင် ၂၂၉ ရှိပြီး အဆိုပါ  မီးလောင်ကျွမ်းမှု၊ မီးလန့်မှုများအဖြစ်ပေါ်စေရန် စက်သုံးဆီအရောင်းဆိုင်များ ကွင်းဆင်းစစ်ဆေးခြင်းကို အဆိုပါဈေးများ လက်တွေသရုပ်ပြကွင်းဆင်းဆောင်ရွက်ခြင်းကို ကလေးမြို့နယ် စည်ပင်သာယာအဖွဲ့ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင့်လွင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးကီးခွီရှိန်းနှင့် အဖွဲ့ဝင်များ၊ ကလေးခရိုင်မီးသတ်ဦးစီးမှူး ဦးဘိုဘိုဝင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဘွေမောင်းထန်နှင့်တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့်ဈေးသားများ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)