ဘားအံ ဇန်နဝါရီ ၃၁
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား အလွတ်တန်းဖိတ်ခေါ် အမျိုးသား/အမျိုးသမီး တင်းနစ်ပြိုင်ပွဲကို ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ အမှတ်(၄) ရပ်ကွက်ရှိ ပြည်နယ်တင်းနစ်အားကစားကွင်း၌ ကျင်းပသည်။
အဆိုပါတင်းနစ်ပြိုင်ပွဲသို့ ဘားအံမြို့နယ်၊ မြဝတီမြို့နယ်၊ မော်လမြိုင်မြို့နယ်၊ သထုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ် တို့နယ်တို့မှ အမျိုးသား/အမျိုးသမီး တင်းနစ်အသင်း (၆) သင်း၊ အားကစားသမား ၄၅ ဦးဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက တစ်မျိုးသားလုံးသက်ရှည် ကျန်းမာစေရေးအတွက် အားကစားသည် အရေးပါသည့် ကဏ္ဍတစ်ရပ်ဖြစ်ပြီး အားကစားသမား ကောင်းတစ်ယောက်၏ အပြုအမူစိတ်နေသဘောထားကို အခြေခံ၍ ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းနှင့်ဥပဒေများကို လေးစားလိုက်နာကာ ကြိုးစားယှဉ်ပြိုင်ကစားကြရန် တိုက်တွန်းပြောကြားပြီး ပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန် ရွတ်ဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ ပြိုင်ပွဲဝင်အသင်းတစ်သင်းလျှင် ငွေကျပ် ၁၅၀၀၀ဝိ/- (တစ်သိန်းငါးသောင်းကျပ်)စီ ချီးမြှင့်ပေးကာ ပြိုင်ပွဲစတင်ယှဉ်ပြိုင်ကစားမှုအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)