ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့ဝင်များ ပန်းတောင်းမြို့နယ်အတွင်းရှိ ဒေသဖွံဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ပန်းတောင်း ဇန်နဝါရီ ၃၁

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ဒေသဖွံဖြိုးရေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့ဝင်များ ဦးဆောင်၍ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးညီလန်းချို၊ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့် အဖွဲ့ဝင်များ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွဋ်၊ ပန်းတောင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအေးမင်းသိန်းနှင့် မြို့မစခန်းမှူး ဒုတိယရဲမှူး မျိုးမင်း၊  မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများလိုက်ပါ၍ ကျွန်းမီးအုပ်စု၊မကြီးထုံးအုပ်စုနှင့် ရေလည်ကျွန်းကျေးရွာအုပ်စုတို့တွင် တစ်ဆက် တစ်စပ်တည်း မြေပဲ၊ နေကြာ၊ ဧက (၂၀၀၀) စိုက်ပျိုးထားရှိမှုအား ကြည့်ရှုစစ်​ဆေး၍ လည်းကောင်း၊ တောင်ဘွေကျေးရွာအုပ်စု၊ ပဲကြီးအင်းကျေးရွာရှိ ရေအရင်းမြစ်ချောင်းများ ဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာနမှ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း (၇၀)ရာခိုင်နှုန်းခန့် ပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေး၍လည်းကောင်း၊ ဖောင်းကန်ရပ်ကွက်ရှိ ဒေသထုတ်ကုန် အိုးလုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး၍ လည်းကောင်း၊ မင်းရပ်ရပ်ကွက်ရှိ တောင်သူဦးမျိုးဇော်၏ ပြောင်းဖူးအပါအဝင် သီးနှံမျိုးစုံ(၅၆)ဧက စိုက်ပျိုးထားရှိမှုအား ကြည့်ရှုစစ်ဆေး၍လည်းကောင်း၊ ဆင်တဲကျေးရွာအုပ်စု၊ စမ်းပေါက်ချောင်းကျေးရွာရှိ မြစ်ရေတင်လုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ကာ လိုအပ်သည်များမှာကြားခဲ့သည်။

လပြည့်လင်း