လက်ပံတန်းမြို့နယ်၌ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်း လွှမ်းခြုံမှုပိုမိုမြင့်မားစေရေး အသိပညာပေးဆွေးနွေး

လက်ပံတန်း ဇန်နဝါရီ ၃၀

ပဲခူးတိုင်းဒေသကြီး သသာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှုအားနည်းသည့် ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေးပွဲကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းအောင်က အမှာစကား‌‌ပြောကြားပြီး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်ဇော်ဝင်းက ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်း‌‌ပြောကြားသည်။

အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာကော်မတီနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရးအသင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ တက်ရောက်ကြပြီး လက်ပပံတန်းမြို့နယ်အတွင်း ကျေးလက်ကျန်းမာရေးဌာနခွဲ ၃၈ ခုမှ ကျေးရွာအုပ်စု ၅၃ အုပ်စုသို့ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်း လွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)