ရွှေတောင် ဇန်နဝါရီ ၃၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့ မြို့နယ်မီးသတ်ဦးဌာနတွင် ယနေ့နံနက်ပိုင်းက အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၆) သင်တန်းဆင်းပွဲကို ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ(ကိုယ်စား) နယ်မြေလုံခြုံရေးအရာရှိ အမတ(၅၀၉)ဗိုလ်မှူး ရဲထွဋ်အောင်မှ သင်တန်းဆင်းမိန့်ခွန်းမြွက်ကြားခဲ့ပြီး သင်တန်းတက်ရောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြသည့် တပ်ရင်းရုံး/တပ်ခွဲ/တပ်စု၊ သီးသန့်မီးသတ်တပ်ဖွဲ့များနှင့် ပရဟိတအသင်းအဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးခဲ့သည်။
ဆက်လက်၍ သင်တန်းတွင်ထူးချွန်ဆုရရှိသည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သင်တန်းတွင် စံပြဆုရရှိသူများအား ဆုများချီးမြှင့်ခဲ့ကြပြီး သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များကို ဗိုလ်မှူး ရဲထွဋ်အောင်နှင့် အဖွဲ့ဝင်များက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ သင်တန်းသို့ မြို့ပေါ်ရပ်ကွက်များရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များ သင်တန်းသား(၅၀)ဦး တက်ရောက်ခဲ့ပြီး (၁၃. ၁.၂၀၂၅) ရက်နေ့မှ (၇.၂.၂၀၂၅)ရက်နေ့ထိ (၄) ပတ်ကြာ စာတွေ့လက်တွေ့သင်ကြားပို့ချပေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)