ကော့သောင်းမြို့၌ မွေးကင်းစမှအသက်(၅)နှစ်ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးနှံ/ တိုက်ကျွေးခြင်းနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်

ကော့သောင်း ဇန်နဝါရီ ၃၀

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင်  မွေးကင်းစမှ အသက်(၅)နှစ်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးပေးခြင်းကို အပတ်စဉ်ကြာသပတေးနေ့တိုင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကာကွယ်ဆေးလာရောက်ထိုးနှံကြသည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးမိခင်များကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ ဆရာမများက  ကျန်းမာရေးဆိုင်ရာ သတိပြုနေထိုင်ရမည့် ဆောင်ရန်ရှောင်ရန်များနှင့်ပတ်သက်သည်များကို အသိပညာပေးပြောကြားပြီး ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေးထိုးနှံပေးခြင်း၊ မွေးကင်းစမှအသက် (၅)နှစ်ကလေးများအား BCG ဦးနှောက်အမြှေးရောင်တီဘီ၊ အသည်းရောင်အသားဝါ(ဘီ)၊ ပိုလီယိုရောဂါကာကွယ်ဆေး၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ)ကာကွယ်ဆေး၊ (ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်ရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ အသည်းရောင် အသားဝါ(ဘီ) စသည့်(၅)မျိုးစပ် ကာကွယ်ဆေး၊ဝက်သက်- ဂျိုက်သိုး ရောဂါကာကွယ်ဆေး၊ ဂျပန်ဦးနှောက်အမြှေးရောင် ရောဂါကာကွယ်ဆေးများကို  အသက်အရွယ်အလိုက် သတ်မှတ်ထားသည့် ကာကွယ်ဆေးများ ပုံမှန်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ခရိုင် (ပြန်/ဆက်)