လက်ပံတန်း၌ စိုက်ပျိုးရေးသွင်းအားစုလုပ်ငန်းရှင်များအား  အသိပညာပေးသင်တန်းပို့ချ

လက်ပံတန်း ဇန်နဝါရီ ၃၀

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် စိုက်ပျိုးရေးဦးစီးဌာနက ဈေးကွက်အတွင်းရောင်းချလျက်ရှိသည့် စိုက်ပျိုးရေးသွင်အားစုလုပ်ငန်းရှင်များအား ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းကမ်းချက်များ အသိပညာပေးသင်တန်းဖွင့်ပွဲကို  လက်ပံတန်းမြို့နယ်​ဒေသသု​တေသနဗဟိုဌာန အစည်းအ​ဝေးခန်းမ၌ ယမန်နေ့ မွန်လွဲ ၁နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ လက်ပံတန်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းအောင်က အမှာစကားပြောကြားပြီး မြို့နယ်ဒေသသု​တေသနဗဟိုဌာနမှ ဒေါက် တာကျော်စွာဦးက ဆွေးနွေးပွဲပြုလုပ် ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်ဒေသသု​တေသနဗဟိုဌာနမှ​ဒေါက်တာ​ကျော်စွာဦး၊ တိုင်းစိုက်ပျိုး​ရေးဦးစီးဌာန တိုင်း​မြေအသုံးချ​ရေးတာဝန်ခံ၊ တိုင်းမျိုး​စေ့တာဝန်ခံ၊ တိုင်းသီးနှံကာကွယ်​ရေးတာဝန်ခံတို့က ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ သွင်းအားစုလုပ်ငန်းရှင်များလိုက်နာရမည့်စည်းကမ်းချက်များ၊ မျိုးကောင်းမျိုးသန့် ရွေးချယ်ထုတ်လုပ်ခြင်း စသည့်အကြောင်းအရာများကို power points များ၊ လက်ကမ်းစာ စောင်များဖြင့် အသေးစိတ်ရှင်းလင်းပြောကြားရာ သာယာဝတီခရိုင်အတွင်း ၆ မြို့နယ်မှ သွင်းအားစုလုပ်ငန်းရှင် ၁၀၀ ဦးတက်ရောက်ခဲ့ပြီး သိလိုသမျှမေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)