ကြို့ပင်ကောက်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ကြို့ပင်ကောက် ဇန်နဝါရီ ၃၀

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ မြို့နယ်မီးသတ်ဦးစီးမှူးရုံးတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေးမွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကို ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၉ နာရီအချိန်ကပြုလုပ်ခဲ့ကြာင်း သိရသည်။

အရန်မီးသတ်လေ့ကျင့်ရေးမွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကာ်မတီအဖွဲ့ဝင်(၁) ဗိုလ်မှူးစိုင်းခန့်နိုင်က သင်တန်းသားများသည် ကိုယ့်မြို့ကိုယ်ရွာအတွက် ပရဟိတစိတ်ဖြင့် တတာဝန်ထမ်းဆောင်ခဲ့သူများဖြစ်ကြောင်း သင်တန်းမှပို့ချပေးခဲ့သောစာတွေ့လက်တွေ့ သင်ခန်းစာများအား မီးဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်များ ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ထိရောက်စွာအသုံးချပြီး ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်များကာကွယ်ရေးများတွင် လျင်မြန်ထိရောက်စွာ ဆောင်ရွက်သွားကြရန်မှာကြားခဲ့ပြီး သင်တန်းသားများအား မြို့နယ် မီးသတ်ဦးစီးမှူး ဦးမင်းနိုင်မှ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းတွင် မီးငြိမ်းသတ်နည်းများ၊ ရှာဖွေကယ်ဆယ်ရေးနည်းစနစ်များ၊ အသက်ရှုကိရိယာ B A Set အသုံးပြုနည်း၊ ရှာဖွေကယ်ဆယ် ရေးပစ္စည်းအသုံးပြုနည်းများကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးမင်းနိုင်နှင့် ဒုတိယမီးသတ်ဦးစီးမှူးတို့မှ သင်တန်းသား (၅၀)ဦးအား စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သင်တန်းဆင်းပွဲအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်(၁) ဗိုလ်မှူးစိုင်းခန့်နိုင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ဇေယျာထွန်း (ကြို့ပင်ကောက်)