ထားဝယ်မြို့၌ သီးနှံများတွင် ဓာတုဓာတ်ကြွင်းလျော့ချရေးဆိုင်ရာနည်းပညာပေး  

ထားဝယ်  ဇန်နဝါရီ  ၂၉

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၌ သီးနှံများတွင်ဓာတုဓာတ်ကြွင်းလျှော့ချရေးဆိုင်ရာ နည်းပညာပေးသင်တန်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။

ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးသီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်အေးသန္တာစိုးက  သီးနှံများတွင် ဓာတုဓာတ်ကြွင်းလျှော့ချရေး ဓာတုဆေးများသုံးစွဲပြီးချိန်အညွှန်းပါ မရိတ်သိမ်းမီစောင့်ဆိုင်းရမည့် ကာလလိုက်နာရန်၊ အဆိပ်ပစ္စည်းတစ်မျိုးတည်း ဆက်တိုက်သုံးစွဲခြင်းမပြုရန်၊ သီးနှံများ သိုလှောင်ချိန်တွင် ဓာတုဆေးများပက်ဖျန်းပြီး သိုလှောင်သိမ်းဆည်းခြင်းမပြုရန်နှင့်  တရားဝင်မှတ်ပုံတင်ထားသော ဓာတုဆေးများကိုသာသုံးစွဲကြရန်လိုအပ်ကြောင်း ဆွေးနွေးသည်။ ဆွေးနွေးပွဲသို့ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ငွေဇင်ယော်(ထားဝယ်)