ဓနုဖြူမြို့နယ်၌ ဆီသိုလှောင် တွဲရေယာဉ် မီးလောင်မှုဖြစ်၊ လူတစ်ဦးသေဆုံး

ဓနုဖြူ ဇန်နဝါရီ ၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ သပြုကျေးရွာအုပ်စု၊ သပြုကျေးရွာရှိ ဧရာဝတီမြစ်ကမ်းဘေး၌ ယနေ့ ညနေ ၄နာရီ ၁၀မိနစ် အချိန်ခန့်က ဆီလှောင်တွဲ‌ရေယာဉ် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဓနုဖြူမြို့နယ်၊ သပြုကျေးရွာရှိ ဧရာဝတီမြစ်ကမ်းဘေးတွင် ဆိုက်ကပ်ထားသည့် သဲကျောက်မော်တော်အား ဆီဖြည့်နေစဉ် လျှပ်စစ်မော်တာပန့် ရှော့ဖြစ်၍ မီးလောင်ရာမှ ဆီတွဲအတွင်းဘက်ရှိ ဆီကန်ပေါ်သို့ ကူးစက်လောင်ကျွမ်းခဲ့ကြောင်း၊ မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ ဝိုင်းဝန်း၍ မီးငြှိမ်းသတ်ခဲ့ရာ ညနေ ၄နာရီ ၄၅ မိနစ်အချိန်ခန့် တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း၊ အဆိုပါ မီးလောင်မှုကြောင့် ဆီဖြည့်နေခဲ့သည့် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ဓနုဖြူမြို့နယ် မီးသတ်ဦးစီးဌာန မှသိရသည်။

ထက်ဝေဖြိုး(ပြန်ဆက်)