မြဝတီခရိုင်၌  ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြှင့်မားစေရေး   ပိုမိုဆောင်ရွက်နိုင်ရေးဆွေးနွေးပွဲကျင်းပ

မြဝတီ    ဇန်နဝါရီ ၂၈

ကရင်ပြည်နယ်၊မြဝတီခရိုင် မြဝတီမြို့ရှိ ကလေးသူငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များ ကာကွယ်ဆေးဖြင့်ကာကွယ်၍ရသော ရောဂါများကူးစက်ပျံ့ပွားမှုကို တားဆီးရန်၊ လျှော့ချနိုင်ရန်နှင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ မြဝတီ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၁၀:၀၀)နာရီက နိုင်ငံတစ်ဝန်းကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြှင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှုအားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမို ဆောင်ရွက်နိုင်ရေး အသိပညာပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပသည်။

အစည်းအဝေးတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကောင်းစံလင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူး ဒေါက်တာခင်ဝင်းက မြဝတီမြို့တွင် လက်ရှိဆောင်ရွက်လျက်ရှိသည့် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများနှင့် ကာကွယ်ဆေးလွှမ်းခြုံမှုအားနည်းသည့်ဒေသများ၌ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့် လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး အားသာချက်၊ အားနည်းချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်ပြီး တက်ရောက်လာသူများက သိရှိလိုသည်များကိုအကြံပြု မေးမြန်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)