စေတုတ္တရာ ဇန်နဝါရီ ၂၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဆီးချို၊ စေတုတ္တရာမြို့နယ် သွေးတိုး၊ နှလုံးရောဂါစစ်ဆေးပေးခြင်းနှင့် အခမဲ့စစ်ဆေးကုသပေးခြင်းတို့ကို ယနေ့နံနက်(၉)နာရီခွဲက မိခင်နှင့်ကလေးဌာနရုံး၌ ဆောင်ရွက်ခဲ့သည်။
နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစစ်ဆေးခြင်းနှင့် ဆေးကုသပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ဆရာဝန် ဒေါက်တာသင်းလဲ့စိုးလွင်နှင့် ကျန်းမာရေးဝန်ထမ်း ဆရာ၊ ဆရာမများက အငြိမ်းစားဝန်ထမ်များအား စာရင်းပေးသွင်းပြီး သွေးပေါင်ချိန်တိုင်းတာခြင်း၊ ဆီးချို၊ သွေးချိုစစ်ဆေးပေးခြင်း၊ နှလုံးစစ်ဆေးပေးခြင်းနှင့် လိုအပ်သည်များအား အခမဲ့ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစမ်းသပ်စစ်ဆေးကုသပေးခြင်းကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
ဆန်းကိုကို(ပြန်/ဆက်)