ဒေးဒရဲ ဇန်နဝါရီ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၆-၂၀၂၇ ခုနှစ် ဘဏ္ဍာရေးနှစ်၊ အရပ်ရပ်အခွင့်အရေးလိုင်စင်များ သက်တမ်းတိုးစနစ်ဖြင့် လေလံတင်ရေင်းချပွဲ အခမ်းအနားကို ယနေ့နံနက်(၁၁)နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးရဲဝဏ္ဏဝင်းက လေလံစည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ လေလံလုပ်ကိုင်နေသူများက ကြုံတွေ့ရသော အခက်အခဲများကို တင်ပြဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ၂၀၂၆-၂၀၂၇ခု ဘဏ္ဍာရေးနှစ်၊ အရပ်ရပ်အခွင့်အရေးလိုင်စင်များ သက်တမ်းတိုးစနစ်ဖြင့် လေလံရောင်းချပွဲကိုကျင်းပရာ မြို့နယ်အတွင်းရှိ အပေါင်ဆိုင် လိုင်စင်စုစုပေါင်း (၁၃)ခုအား သက်တမ်းတိုးစနစ်ဖြင့် လေလံတင်ရောင်ချပေးခဲ့ကြောင်း သိရသည်။
အေဇာလင်း