လိပ်သို ဇန်နဝါရီ ၂၈
ကျောင်းသားလူငယ်များအနေဖြင့် ပြည်ထောင်စုအမွေကို ထိန်းသိမ်းတတ်စေရန်နှင့် ပြည်ထောင်စုနေ့နှင့်ပတ်သက်သော အသိပညာဗဟုသုတများ ရရှိစေရန်အတွက် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေးဟောပြောပွဲကို ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုမြို့အခြေခံပညာအထက်တန်းကျောင်း သဇင်ဆောင်ခန်းမ၌ ဇန်နဝါရီ (၂၇)ရက် နံနက် ၉ နာရီက ပြုလုပ်သည်။
ဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းဝေဉီး က ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်သည် ပြည်ထောင်စုနေ့ဖြစ်ကြောင်း၊ မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်ကို ယခုကျရောက်သည့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့မှသည် နောင်နှစ်များစွာထိတိုင် ဆက်လက်သယ်ဆောင်သွားကြရမည်ဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် ဒေါ်လှမြင့်ဖြူ (လယ်/ပြ)က ပြည်ထောင်စုစိတ်ဓာတ်ကို အရင်းခံသည့် သွေးစည်းညီညွတ်မှု အထိမ်းအမှတ်အဖြစ် တောင်တန်းနှင့်မြေပြန့် တပေါင်းတစည်းတည်း လွတ်လပ်ရေးရယူကြရန် သိန္နိဌာန်ဖြင့် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း၊ တိုင်းရင်းသားသွေးချင်းတို့၏ ပြည်ထောင်စုစိတ်ဓာတ်ကို ဖော်ကျူးပြသနိုင်ခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်ကို ပြည်ထောင်စုနေ့အဖြစ် ပေါ်ပေါက်လာခဲ့ကြောင်း ဟောပြောခဲ့သည်။
နော်ဖလောရင်း