ခမောက်ကြီးမြို့၌ ကျောင်းသား/ကျောင်းသူများ စာဖတ်စွမ်းရည်မြင့်မားရေး စာဖတ်ဝိုင်းပြုလုပ်

ခမောက်ကြီး ဇန်နဝါရီ ၂၇

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်  ခမောက်ကြီးမြို့ အခြေခံပညာ အလယ်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိပြီး စာဖတ်စွမ်းရည်မြင့်မားရေး စာဖတ်ဝိုင်းကို ဇန်နဝါရီ ၂၇ ရက်  နံနက် ၁၀ နာရီက ပြုလုပ်သည်။

ကျောင်းသား/ သူများ၏ လူမှုဘဝတိုးတက်မြင့်မားရေးသည် စာဖတ်ခြင်း၏ အစဖြစ်သည့် အတွက် ကျောင်းစာများသာမက ပြင်ပအသိပညာ/ အတတ်ပညာ ဗဟုသုတများရရှိရေး စာအုပ်/ စာပေများကိုဖတ်ရှုရန်လိုအပ်သည့်အတွက် စာဖတ်ရန်နည်းလမ်းကောင်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်သံကျွမ်းကျင်-၃က စာပေဖတ်ရှုပုံ၊ ဖတ်ရှုနည်းများ၊ မိမိစိတ်ဝင်စားရာစာအုပ်၊ စာပေများရွေးချယ်ဖတ်ရှုမှု၊ တစ်ဦးချင်းအလိုက်ဖတ်ရှုခြင်း၊ စုပေါင်းဖတ်ရှုခြင်းတို့ဖြင့် ဖတ်ရှုခဲ့ကြောင်းသိရသည်။

ခမောက်ကြီး(ပြန်/ဆက်)