ကျွန်းစုမြို့ နယ်အတွင်း ကာကွယ်ဆေးတိုက်ကျွေးနိုင်ရေး အသိပညာပေးဆွေးနွေး

ကျွန်းစု ဇန်နဝါရီ ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်အဆင့်ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မား‌စေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်း‌သည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးဆွေးနွေးခြင်းကို  ဇန်နဝါရီ ၂၇ ရက် နံနက် ၁၁ နာရီက မြို့နယ်ကျွန်းရတနာခန်းမ၌ ကျင်းပသည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ရဲမင်းဦးက ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများနှင့် လက်ရှိဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား ဆွေးနွေးပြောကြားသည်။

ထို့နောက် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို ပိုမိုအဆင်ပြေချောမွ့စွာ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေး ဗီဒီယိုကို  ကြည့်ရှုခဲ့ကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌက ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)