တနင်္သာရီမြို့နယ်၌ (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အကြိုဟောပြောပွဲ၊နံရံကပ်စာစောင်ပြပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

တနင်္သာရီ  ဇန်နဝါရီ  ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် နေ့ထူး၊ နေ့မြတ်၊ နေ့ရက်များကို အစဉ်အမြဲသတိရနေစေရန်ရည်ရွယ်၍၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းက အောက်ကင်း အရှေ့ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ အ.မ.က(အောက်ကင်းရှေ့)ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးကျော်စိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနမှ ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်သီသီခိုင်က ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံနှင့် ပြည်ထောင်စုနှင့် စပ်လျဉ်းသည့် သိမှတ်ဖွယ်ရာများ စသည်တို့ကို အသိပညာပေးဟောပြော၍ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူလေးများအား ဉာဏ်စမ်းပြိုင်ပွဲပြုလုပ်ပေး၍ ဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး ပြည်ထောင်စုနေ့ အသိပညာပေးစာစောင်များကို ပြသခြင်းနှင့် (၇၉)နှစ် မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သီသီခိုင်(ပြန်/ဆက်)