‎ရွှေဘိုမြို့၌ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအသိပညာပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရွှေဘို  ဇန်နဝါရီ  ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊‌ ရွှေဘိုခရိုင်ရွှေဘိုမြို့၌ နိုင်ငံတစ်ဝန်းကာကွယ်ဆေးကိုလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ရေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်‌နေ့ ညနေပိုင်းက ခရိုင်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါက်တာခင်ဌေးသန်းက လက်ရှိဆောင်ရွက်နေသော ကာကွယ်‌ရေးလုပ်ငန်းများ၊ ယခု(၂၀၂၆)ခုနှစ်အတွင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနမှဆက်လက်ဆောင်ရွက်ရန်စီစဉ်ထားသောကာကွယ် ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာမှူး‌ ဒေါက်တာအောင်သူရက၊ ကလေးငယ်များအား လစဉ်ကာကွယ်ဆေးထိုးနှံခြင်းနှင့်‌ ရွှေဘိုမြို့နယ်နှင့်ပတ်သက်၍ ကာကွယ်ဆေးလွှမ်းခြုံမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးပြောကြားရာ တက်‌ရောက်လာသူများက သိရှိလိုသည်များကို‌ ပြန်လည်မေးမြန်းခဲ့သည်။

အဆိုပါ ဟောပြောပွဲသို့ အထူးကုဆရာဝန်ကြီးများ၊ ခရိုင်/မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊NGOအဖွဲ့အစည်းများ၊ မြန်မာနိုင်ငံကြက်‌ခြေနီအသင်း၊ ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်မိရပ်ဖများတက်ရောက်ခဲ့ကြောင်း သိရသည်။

‎‎ခရိုင်(ပြန်/ဆက်)