ကလေးဝ ဇန်နဝါရီ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဘော်လီဘောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက ပြည်သူ့အားကစားကွင်းရှိ မိုးလုံလေလုံ အားကစားရုံး၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး(ကိုယ်စား) ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ဘော်လီ ဘောပြိုင်ပွဲကို စတင်ယှဉ်ပြိုင်ကစားခဲ့ကြသည်။
အဆိုပါ ဘော်လီဘောပြိုင်ပွဲကို အသင်း (၄) သင်းပါဝင်ယှဉ်ပြိုင်ကြရာ ပြိုင်ပွဲအားပတ်လည် ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲ၌ ဆုရရှိသည့်အသင်းများအား (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား၌ ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)