ထီးချိုင့် ဇန်နဝါရီ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီး မှူးဒေါ်တင်စန်းနှင့် စိုက်ပညာ ဝန်ထမ်းများသည် ပေါက်နက်ကျေးရွာရှိ ကွင်းအမှတ် OSS၊ ဦးပိုင်အ မှတ် ၂၃ တောင်သူဒေါ်ထွေးရီ၏စိုက်ခင်းတွင် ရာသီဥတုနှင့် ကိုက်ညီသော ကြံစိုက်ပျိုးနည်းစနစ် (CSA) နှင့် ကြံအထူးအထွက်တိုးအဆင့်မြင့်နည်းပညာများကို တွဲဖက် ပေါင်းစပ်အသုံးပြုခြင်း (PT) စံပြကွက်စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ယနေ့နံနက်(၈)နာရီအချိန်က ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
ထီးချိုင့်မြို့နယ်၏ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းသည် ကြံပင်များကို အဓိကစိုက်ပျိုးပြီး နှစ် စဉ်ဧက (၆၀၀၀၀) ကျော်စိုက်ပျိုးသည့်မြို့နယ်ဖြစ်သည့်အတွက် ကြံစိုက်တောင်သူအများစုသည် ဂရိတ် ဝေါလ်-ဝေလ်မာ သကြားစက်ရုံနှင့် အကျိုးတူစာချုပ် ချုပ်ဆို၍ကြံစိုက်ပျိုးသကြားထုတ်လုပ်ခြင်းကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ဂရိတ်ဝေါလ်- ဝေလ်မာ သကြားစက်ရုံသည် ထီးချိုင့်မြို့နယ်မှထွက်ရှိ သည့်ကြံများအပြင်၊ ကသာမြို့နယ်မှလည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီး တကောင်းမြို့နယ်မှ လည်းကောင်း၊ ရှမ်းပြည်နည် မဘိမ်းမြို့နယ်မှလည်းကောင်း ထွက်ရှိသည့် ကြံများကို ကြိတ်ဝါးရပြီး စက်စွမ်းအားအရ နေ့စဉ်သတ်မှတ်ကြံတန်ချိန်ကိုသာ ကြိတ်ဝါးနိုင်ခြင်းကြောင့် စိုက်ပျိုးသည့်ကြံအား လုံးခုတ်သိမ်းနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဧရိယာဧကတိုးတက်ရေးထက် တစ်ဧက အပေါ် အထွက်နှုန်းတိုးတက်ရေးနှင့် စိုက်ပျိုးစရိတ်လျော့ချနိုင်ရေးကို ဦးတည်၍ ကြံသုတေသန ပညာရှင် များ၏ ကြံအထွက်တိုးနည်းပညာများကို ကြံစိုက်ပျိုးသူတောင်သူ အချင်းချင်း ကျယ်ကျယ် ပြန့်ပြန့်လက်ခံ ကျင့်သုံးလာစေရန် ရည်ရွယ်၍ ကွင်းသရုပ်ပြပွဲ ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်တင်စန်းမှ ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။
အဆိုပါ ကွင်းသရုပ်ပြပွဲသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက် ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်စန်းနှင့် စိုက်ပညာဝန်ထမ်းများ၊ ပေါက်နက်ကျေးရွာ၊ မြ တောင်ကျေးရွာ၊ မောင်းကုန်းကျေးရွာ၊ ရေပျံကျေးရွာမှ ကြံစိုက်တောင်သူများ တက်ရောက်ခဲ့ ကြောင်း သိရှိရပါသည်။
ရဲလင်းထွန်း (ထီးချိုင့်)