ဓနုဖြူမြို့နယ်တွင် မဲရုံများအတွက် မဲပေးစက်များ စနစ်တကျဆက်လက်ထုတ်ပေး

ဓနုဖြူ ဇန်နဝါရီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း (၃) ကျင်းပမည့် မဲရုံများအတွက် မဲပေးစက်နှင့်ဆက်စပ်ပစ္စည်းများကို ဇန်နဝါရီလ ၂၂ ရက်နေ့နံနက်ပိုင်းက မဲရုံတာဝန်ရှိသူများကို အမှတ် (၁၇) ရပ်ကွက်၊ ရွှေဟင်္သာ ကျောင်းဝန်းအတွင်း၌ စနစ်တကျ ထုတ်‌ပေးလျက်ရှိသည်။

ထိုကဲ့သို့မဲပေးစက်များထုတ်ပေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့်အဖွဲ့ဝင်များ ဦးဆောင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ယနေ့တွင် မဲရုံပေါင်း (၆၅) ရုံအတွက် မြန်မာ အီလက်ထရောနစ်မဲပေးစက်ကို တာဝန်ရှိသူများထံ စနစ်တကျထုတ်ပေးလျက်ရှိပြီး ကျန်မဲရုံများအတွက် ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ 

ဓနုဖြူမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး မြို့နယ်အတွင်း ရပ်ကွက် ၁၈ ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၆၃) အုပ်စုတွင် မဲရုံပေါင်း (၁၅၈) ရုံမှ မဲဆန္ဒရှင်ပြည်သူ (၁၁၄၆၆၄) ဦး ရှိကြောင်း မြို့နယ်‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

အောင်ပြည့်ဖြိုးဇော်