ဝက်လက် ဇန်နဝါရီ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ကျီးကန်ကျေးရွာတွင် မိသားစုဝင်ငွေ ရရှိရေးအတွက် သိုးမွှေးချည် အနွေးထည် ဦးထုပ်များကို ထုတ်လုပ်ဖြန့်ချိခြင်းဖြင့် မိသားစု စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိုးမွှေးချည် ဦးထုပ် လုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
သိုးမွှေးချည် (အနွေး) ဦးထုပ် လုပ်ငန်း လုပ်ကိုင်သည်မှာ နှစ်ပေါင်း (၂၀) ခန့် ရှိပြီဖြစ်ပြီး ၊လက်ရှိမှာတော့ ကလေးဆောင်းဦးထုပ်ကို (၅၅၀) ကျပ်၊ အမျိုးသားဆောင်း လူကြီးဦးထုပ်ကို (၉၀၀) ကျပ်၊ အမျိုးသမီးဆောင်း မာဖလာကို (၁၅၀၀) ကျပ် တို့ဖြင့် မန္တလေးမြို့၊ ရန်ကုန်မြို့ နှင့် ပြည်မြို့များရှိ စျေးသည်များထံသို့ ရထားလမ်း ကားလမ်းများဖြင့် ဖြန့်ချိပေးရ လျက်ရှိကြောင်းသိရသည်။
သိုးမွှေးချည် (အနွေး) ဦးထုပ် ထုတ်လုပ်ဖြန့်ချိရာတွင် အဓိက ကုန်ကြမ်းဖြစ်သည့် ချည်ကို တစ်ပေါင်လျှင်(၄၂၀၀) ကျပ် ဖြင့်မန္တလေးမြို့မှ ဝယ်ယူပြီး၊ ကျပ်သိန်း (၃၀) ခန့် ရင်းထားလျှင် တစ်လ ပုံမှန်ဝင်ငွေ (၅) သိန်းကျပ်ခန့် အမြတ်ရရှိပြီး မိသားစု စားဝတ်နေရေး အဆင်ပြေ လျက်ရှိကြောင်း ၊သိုးမွှေးချည်လုပ်ကိုင်နေသူ ဒေါ်မိမိခိုင်၏ ပြောကြားချက်အရ သိရှိရသည်။
စိုးစိုးလှိုင် (ဝက်လက်)